"Learn With SMA ၏ စည်းကမ်းသတ်မှတ်ချက်များ" နှင့် စည်းမျဉ်းများ

၁. လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

အောက်တွင်‌ဖော်ပြထားသော ဖော်ပြချက်များသည် Learn With SMA Mobile Application ကို အသုံးပြုမည် ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပါသည်။

အောက်ပိုင်းဖော်ပြချက်များ တလျှောက်လုံးတွင်လည်း တခါတရံ Learn With SMA ကို (Learn With SMA သို့မဟုတ် ကျွန်ုပ်တို့ဟု ) ရည်ရွယ် သုံးနှုန်းသွားမည်ဖြစ်သည်။


(က) အသုံးပြုသူဆိုသည်မှာ Learn With SMA Platform ပေါ်ရှိ ဆရာ/ဆရာမများနှင့် သင်တန်းတက်ရောက်နေကြသူများအားလုံး တနည်း Learn With SMA App User များနှင့် သင်တန်းသား သင်တန်းသူများကို ရည်ညွှန်းပါသည်။

(ခ) ဆရာများဆိုသည်မှာ Learn With SMA တွင် အွန်လိုင်းသင်ကြားမှု ပြုလုပ်နေသော ဆရာ/ဆရာမများသာမက Learn With SMA ရုံးချုပ်၌ ပြင်ပတာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများအားလုံးကို ရည်ညွှန်းပါသည်။

(ဂ) သင်တန်းသား/သူ များဆိုသည်မှာ Learn With SMA တွင် အွန်လိုင်းသင်တန်းများ သင်ယူလေ့လာခဲ့ဖူးသော လက်ရှိအချိန်တွင်လည်း သင်တန်းဆက်လက်တက်ရောက် နေသော သင်တန်းသား/သူများ အားလုံးကို ရည်ညွှန်းပါသည်။


ဤ website/app ကို အခကြေးငွေပေးချေ၍ သင်ယူသည်ဖြစ်စေ ၊ အခမဲ့ ဖြစ်စေ သင်အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအားလုံးကို စေ့စပ် သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် အထူးလိုအပ်ပါသည်။

အကယ်၍ အောက်ပါ အချက်အလက် စည်းမျဉ်းစည်းကမ်း များကို သဘောမတူပါက ဤ website/app ကို အသုံးမပြုရန် Learn With SMA မှ မေတ္တာရပ်ခံပါသည်။


၂. အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ

၂.၁ Learn With SMA ၏ Mobile Learning Application (Android Version) အား အသုံးပြုရန် လျှောက်ထားသောအခါ သို့တည်းမဟုတ် စာရင်းသွင်း မှတ်ပုံတင်သည့်အခါ အသုံးပြုသူ သည် တိကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားထည့်သွင်းရန်လိုအပ်ပါသည်။ ထို့ပြင် အခြေနေအကြောင်းချင်းရာများအရ မိမိပြင်ဆင်ပြောင်းလဲလိုသော အချက်အလက်ဆိုင်ရာ အပြောင်းအလဲများ ရှိလာလျှင်လည်း ချက်ချင်း အသစ်ပြန်လည်ပြုပြင်ရန်လိုအပ်ပါသည်။


၂.၂ ထို့ပြင် Learn With SMA မှတောင်းဆိုမှုများရှိလာပါက ထည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များ၏ တိကျမှန်ကန်မှုအား အတည်ပြုရန် အထောက်အထားများ စီစဉ်ပေးရန်လိုအပ်မည်ဖြစ်သည်။ ဥပမာ မိမိ အမြဲတမ်းကိုင်ဆောင်ထားသော ဖုန်းနံပါတ် ၊ Facebook Account နှင့် Emailလိပ်စာများ ဖြစ်ရပါမည်။


၂.၃ အသုံးပြုသူသည် မိမိ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်း ၊ မျှဝေသုံးစွဲခြင်းများ လုံးဝ မပြုလုပ်ရပါ။ အသုံးပြုသူသည် မိမိ၏ User Account အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို Learn With SMA ဘက်မှ ရှာဖွေတွေ့ရှိခဲ့လျှင် သင်တန်းကျောင်းသို့ ဆက်သွယ်ရန် ဆိုသည့် Applicationတွင် ဖော်ပြထားသည့် အချက်လက်များ ထံသို့ ချက်ချင်း အသိပေး‌ဖော်ပြရမည်ဖြစ်သည်။


၂.၄ အကယ်၍ Learn With SMA ၏ ပညာရေးဝန်ဆောင်မှု့များအား အခကြေးငွေပေးချေ အသုံးပြုသူ သင်တန်းသား /သူ ၏ ပေါ့ဆမှုကြောင့် User Account နှင့် Password အား အခြားသူ တဦးတယောက်ဖြစ်စေ တဦးထက် ပိုမို၍ဖြစ်စေ တရားမဝင်အသုံးပြုမှုများ ဖြစ်ပေါ်လာပါက(သို့တည်းမဟုတ်) တိုက်ခိုက်ခံရပါက ၊ သို့တည်းမဟုတ် အလိုတူ အလိုပါ ကိုယ်တိုင်ခွင့်ပြုထားသည်ကို စုံစမ်းတွေ့ရှိပါက Learn With SMA အနေဖြင့် မည်သည့်ပုံစံမျိုးနှင့်မှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ပြုမည်မဟုတ်ပဲ
Application အသုံးပြုသူအဖြစ်မှ အပြီးအပိုင် ရပ်စဲသွားမည်ဖြစ်ပါသည်။

၃. Application အသုံးပြုသူများ ရှောင်ကြဉ်ရမည့် အချက်များ

၃.၁ Application အသုံးပြုသူ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင်ရှိသည့် ဆက်သွယ်ရေး ဥပဒေ အပြင် အခြားသက်ဆိုင်သော အီလက်ထရောနစ် ဥပဒေများ ၊ နည်းဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအားလုံးအား လိုက်နာရမည်ဟု က်ျွန်ုပ်တို့မှ ပြတ်သားရှင်းလင်းစွာ မှတ်ယူပါသည်။


၃.၂ အသုံးပြုသူသည် Application ဝန်ဆောင်မှုများနှင့် စပ်ဆိုင်သည့် အားလုံးသော စည်းကမ်းသတ်မှတ်ချက်များ ၊ စည်းမျဉ်းများ ၊ သဘောတူညီချက်များ၊ ထုတ်ပြန်ချက်များ နှင့် လုပ်ငန်းစဉ်များအား လိုက်နာရမည် ဖြစ်ပါသည်။

၃.၃ အသုံးပြုသူသည် မည်သည့် မှတ်ပုံတင်မူပိုင်များ၊ မူပိုင်ခွင့်များ၊ နာမည်ဂုဏ်သတင်းဆိုင်ရာ ရပိုင်ခွင့် (သို့မဟုတ်) အခြားမည်သို့သော တရားဝင် ရပိုင်ခွင့်များ နှင့် တတိယ အဖွဲ့အစည်း၏ အကျိုးစီးပွားများ အပေါ်တွင် စည်းမျဉ်းချိုးဖောက်ခြင်းများ မပြုရပါ။


၄. ပြင်ဆင်မှု နှင့် ထပ်မံ ထည့်သွင်းချက်များ

Learn With SMA ၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်နိုင်သည်။

၄.၁ ဤ သဘောတူညီမှုကို ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း နှင့်

၄.၂ ဤ သဘောတူညီမှု တွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အထက်ပါ ပြင်ဆင်ဖြည့်စွက်ထားသော၊ ထပ်မံထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းများကို စတင်အသက်ဝင်သော နေ့မှစ၍ Learn With SMA ၏ Social Media Platformsများ ပေါ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွန်ုပ်တို့မှ လူကြီးမင်းထံသို့ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အဆိုပါပြင်ဆင်မှုများ အပြီး လူကြီးမင်းသည် Application ကို ဆက်လက်အသုံးပြုနေပါက ၊ သို့မဟုတ် သင်တန်းများတွင် ဆက်လက်သင်ယူနေပါက လူကြီးမင်းသည် အထက်ဖော်ပြပါပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များအားလုံးကို ပြည့်ဝစွာနားလည်လက်ခံ သဘောပေါက်ပြီး ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယူဆပါမည်။

၅. Learn With SMA ၏ ကိုယ်ပိုင်အခွင့်အရေးများ

၅.၁ ကျွန်ုပ်တို့ဘက်မှ Learn With SMA Mobile Learning Application နှင့် ဝန်ဆောင်မှုများပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ရာတွင် မည်သည့်အချိန်၌မဆိုဆောင်ရွက်နိုင်ပါသည်။

၅.၂ သတ်မှတ်ထားသော စည်းကမ်းအချက်အလက်များအား App အသုံးပြုသူများ သို့တည်းမဟုတ် အခကြေးငွေဖြင့် သင်တန်းတက်ရောက်နေသူများဘက်မှ တစုံတရာ ချိုးဖောက်ခဲ့မည်ဆိုပါက ကျွန်ုပ်တို့ဘက်မှ သင်၏ Account / ငွေပေးချေမှု စသည်တို့ကို မည်သည့်အချိန်၊ မည်သည့်အကြောင်းပြချက် နှင့်မဆို ဖျက်သိမ်းခွင့်ရှိသည်။


၅.၃ မည်သည့်အချိန် ၌မဆို ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များကို ပြောင်းလဲနိုင်သည်။

၅.၄ အကယ်၍ Learn With SMA ၏ Application Admin ဆရာများ၏ Account တွင် ကျွန်ုပ်တို့၏ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည်ကို တွေ့ရှိပါက ယင်းဆရာများကို Learn With SMA ဘက်မှ ထုတ်ပယ်နိုင်သည်။

၅.၅ Learn With SMAဘက်မှ စည်းမျဉ်းစည်းကမ်းတစ်ချို့နှင့် မကိုက်ညီသော Reviewများ ၊ အွန်လိုင်းသင်တန်းများ၊ အများအမြင်မသင့်တော်စေသော ပြုမှုဆောင်ရွက်မှုများ ၊ Comment များကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်သည်။

၆. Learn With SMA Application အား အသုံးပြု၍ ပညာသင်ယူနေကြ‌သော သင်တန်းသားများ၏ ခံဝန်ကတိပြုခြင်း

Learn With SMA ရှိအွန်လိုင်းသင်တန်းများကို စာရင်းပေးသွင်းခြင်းဖြင့် သင်တန်းသားများသည် အောက်‌ဖော်ပြပါအချက်များကို လိုက်နာပါမည်ဟု ကျွန်ုပ်တို့ဘက်မှ ယူဆပါသည်။

၆.၁ သင်ခန်းစာနှင့် သက်ဆိုင်သော Tutorial များ၊ Exercisesများ ၊ Quiz များကို သင်တန်းသားများအနေဖြင့် မိမိဘာသာ လုပ်ဆောင်ပါမည်။

၆.၂ User Account တစ်ခုတည်းသာ အသုံးပြုပြီး အခြားသူများနှင့် မိမိ၏ Username နှင့် Password များကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုပါ။

၆.၃ စာမေးပွဲ ရလဒ်များ၊ assignment များနှင့် ပတ်သတ်၍ မသမာသည့်နည်းလမ်းများဖြင့် မိမိအမှတ်များအောင်၊ အခြားသူများ အမှတ်နည်းအောင် မပြုလုပ်ရပါ။

၆.၄ Learn With SMA Application ပေါ်တွင် ရေးသားထားသော စာသားများ ၊ ဓာတ်ပုံများ ဗွီဒီယိုများ ၊ E book များ ၊ ဉာဏ်စမ်းပဟေဋိများ ၊ သင်ခန်းစာ နှင့် သက်ဆိုင်သည့် လေ့ကျင့်ခန်း မေးခွန်းများ ၊အဖြေများကို အခြားလူမှုကွန်ယက်ပေါ်သို့ဖြန့်ဝေခြင်းမပြုပါ။

၇. သင်တန်းသား/သူ များအတွက် စည်းကမ်းသတ်မှတ်ချက်များ

အွန်လိုင်းသင်တန်း တစ်ခုခုတွင် တက်ရောက်ရန် စာရင်းပေးသွင်းပြီးပါက အောက်ပါအချက်များကို ကျောင်းသားများမှ ချွင်းချက်မရှိလက်ခံမည်ဟု Learn With SMAဘက်မှ မှတ်ယူပါမည်။

၇.၁ သင်တန်းသား/သူသည် Learn With SMA၏ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ၊ ခံဝန်ကတိပြုခြင်းနှင့်၊ စည်းမျဉ်းစည်းကမ်းများ ကို လက်ခံသည်ဟု ယူဆပါသည်။

၇.၂ ခံဝန်ကတိများကို ဖောက်ဖျက်ပါက Learn With SMA မှ ချီးမြှင့်ပေးသွားမည့် သက်ဆိုင်ရာ Level များအလိုက် အသိအမှတ်ပြုလက်မှတ်များကို ဖျက်သိမ်းခြင်း၊ သင်တန်းဆက်လက်တက်ရောက်ခွင့် ပယ်ဖျက်ခြင်း ၊ Learn With SMA Application ကို နောက်တကြိမ်ပြန်လည်အသုံးပြုခွင့်ပေးခြင်းတို့ကို ဆိုင်းငံ့ သို့မဟုတ် ပယ်ဖျက်ခွင့်ရှိပါသည်။
၇.၃ သက်ဆိုင်ရာ အထူးလေ့ကျင့်မှု ဆရာ/မများမှ သတ်မှတ်ထားသော စည်းကမ်းချက်များကိုလည်းလိုက်နာပြီး အခြားကျောင်းသားများအပေါ် နှောင့်ယှက်မှုမရှိဟု ယူဆပါသည်။

၇.၄ သင်တန်း၏ အချက်အလက် ကုန်ကြမ်းများ၊ သင်ခန်းစာVideoများ၊ သင်ရိုးများနှင့် အခြားသင်ထောက်ကူ နည်းလမ်းများကို Screenshot ဖြင့် ဖြစ်စေ ၊ Screen Recording ဖြင့် ကူးယူ၍ဖြစ်စေ ၊ ကူးယူပြီး သင့်ကိုယ်ပိုင် (သို့မဟုတ်) အခြားသူတစ်ဦးဦး၏ အတန်းတွင် ပြန်လည်ဖြန့်ဝေခြင်း ၊ မပြုရပါ။

၇.၅ အကယ်၍ သတ်မှတ်ထားသော စည်းကမ်းတစ်ခုခုကို ချိုးဖောက်ပါက က်ျွန်ုပ်တို့ဘက်မှ သင်၏ အကောင့်ကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်ပါသည်။


၈. ကျောင်းသားများ၏ငွေပေးချေမှု

၈.၁ သက်ဆိုင်ရာ သင်တန်းများအတွက်သင်တန်းသူ/သားများမှ သင်တန်းကြေးများကို မိမိနှင့် အဆင်ပြေကိုက်ညီမည့် ဘဏ်အကောင့်များမှ‌ သော်လည်းကောင်း Mobile Banking သို့မဟုတ် Mobile Payments များမှတစ်ဆင့် ငွေပေးချေနိုင်သည်။

၉. ဆရာများအား ငွေပေးချေမှု

၉.၁ Learn With SMA ဘက်မှ တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ၏ သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့လစဉ် ၁ ရက်နေ့တိုင်းတွင် စာရင်းရှင်းတမ်းဖြင့် ပုံမှန်ငွေပေးချေသွားပါမည်။

၉.၂ ဆရာတစ်ဦးချင်းစီနှင့် Learn With SMAတို့နှစ်ဦးသဘောတူချုပ်ဆိုထားသော စာချုပ်ပါ သဘောတူညီချက်များနှင့် မကိုက်ညီသော အပြုအမူများကို ပြုလုပ်ပါက က်ျွန်ုပ်တို့ဘက်မှ ဆရာ/မများအား ငွေပေးချေမှုနှင့်ပတ်သတ်၍ တရားဝင်ပယ်ဖျက်ခြင်း ထိန်ချန်ခြင်းများ ပြုလုပ်နိုင်ပါသည်။


၁၀. သင်တန်းကြေး ပြန်အမ်းခြင်း
၁၀.၁ Learn With SMA ဘက်မှ သင်တန်းတက်ရောက်မည့် အလားလာရှိသူ ၊စိတ်ပါဝင်စားသူများအတွက် လေ့လာအကဲဖြတ်ကြည့်ရှူနိုင်ရန် နမူနာကြည့်ရမည့် ဗွီဒီယိုများကို တင်ထားပေးပြီးဖြစ်သည့်အတွက် မိမိစိတ်ကျေနပ်မှူရှိမှသာ သင်တန်းကြေးပေးချေ တက်ရောက်နိုင်သောကြောင့် မည်သည့်အကြောင်းကြောင်း ကြောင့်မှ သင်တန်းကြေးကို ပြန်အမ်းမည်မဟုတ်ပါ။

၁၁. သင်တန်းကြေးပြောင်းလဲခြင်း

၁၁.၁ Learn With SMA ဘက်မှ သင်တန်းကြေးများ၊ ဝန်ဆောင်မှုများနှင့်ပတ်သတ်သော ဈေးနှုန်းများ၊ အခမဲ့ဝန်ဆောင်မှုတို့ကို အချိန်မရွေး ပြောင်းလဲသတ်မှတ်နိုင်ပါသည်။

၁၁.၂ သင်တန်းကြေး အပြောင်းအလဲများနှင့် ပတ်သတ်၍ အသိပေးအကြောင်းကြားမှုများအား ကျောင်းသားများထံသို့အခြားသင့်တော်သော နည်းလမ်းများဖြင့်လည်း ကြိုတင်အသိပေးဆောင်ရွက်သွားမည် သို့မဟုတ် သင်တန်းများ၏ ခေါင်းကြီးပိုင်းနေရာများတွင် မြင်သာအောင် အသိပေးဆောင်ရွက်သွားမည် ဖြစ်သည်။

အထက်တွင် ဖော်ပြထားသော စည်းမျဉ်းများ နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက info@learnwithsma.com သို့ အီးမေးလ် ပေးပို့၍သော်လည်းကောင်း Applicationတွင်ဖော်ပြထားသည့် သင်တန်းကျောင်းသို့ ဆက်သွယ်မည်ဟူသည့် ကဏ္ဍမှ တဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။